Skin Barrier ကိုပျက်စီးစေတဲ့ အပြုအမူများ

By the mix | October 15, 2022 in Facial Care | 0 comments

Sister's Advice by TMbS

Skin Barrier ပျက်စီးတယ်ဆိုတာ ~ အရေပြား အပေါ်ယံ အကာအကွယ်ပျက်စီးသွားတာဖြစ်လို့ ပိုးဝင်တာ၊ အရေပြားအားနည်းတာ၊ မှိုစွဲတာ၊ စတဲ့ ပြဿနာတွေကြုံလာရတာမျိုးကို ဆိုလိုတာပါ။ 

အပြုအမူမျိုးစုံကြောင့် Barrier Damage ဖြစ်နိုင်ပေမယ့် ထိပ်ဆုံး ငါးခုငတော့ ဒီ အချက်တွေပါပဲ။ 

(၁) Over လုပ်ခြင်း 

Over cleansing ( မလိုအပ်ပဲ cleansing အလွန်အကျွံလုပ်ခြင်း ) နဲ့ Over exfoliating ( မလိုအပ်ပဲ exfoliating အလွန်အကျွံလုပ်ခြင်း ) တွေက Skin Defense Barrier ကို ထိခိုက်စေပါတယ်။ 

(၂) မတည့်တာ၊ အဆင်မပြေတာကို သုံးခြင်း 

Expired ဖြစ်သွားပေမယ့်၊ formula ပျက်နေပြီဆိုပေမယ့် နှမြောလို့သုံးတာတို့၊ မတည့်မှန်းသိပေမယ့် နှမြောပြီးဆက်သုံးနေတာတို့၊ စတဲ့ အပြုအမူတွေကလည်း အသားအရည်ကို ဆိုးသည်ထက်ဆိုးစေမှာဖြစ်ပါတယ်။ 

(၃) နေလောင်ခြင်း 

UV rays တွေကြောင့် Skin က ကော်လဂျင်တွေပျက်စီးတာအပြင် လောင်တာ မည်းတာတွေပါ ဖြစ်နိုင်ပါတယ်။ နေအရမ်းလောင်သွားပြီဆိုတာနဲ့ နဂိုက ဘယ်လောက်အကြမ်းခံတဲ့ Skin ဖြစ်ခဲ့ဖြစ်ခဲ့ Sensitive ဖြစ်သွားမှာဖြစ်ပြီး၊ အရေပြားဆဲလ်တွေ Burn ဖြစ်သွားတဲ့အတွက် Barrier Weakened ဖြစ်စေပါတယ်။ ဒါကြောင့် SPF လိမ်းဖို့လည်း မမေ့ပါနဲ့နော်။ 

(၄) DIY skincare တွေသုံးခြင်း 

အသားအရည်ရဲ့ pH level နဲ့မညီမျှတဲ့ သံပုရာသီးကို မျက်နှာပေါ်တင်တာမျိုး၊ Bacteria တွေ‌ရှိနေတဲ့ ကြက်ဥအကာအစိမ်းကို မျက်နှာပေါ်သုတ်လိမ်းတာမျိုး၊ သကြားကြမ်း ဆားကြမ်းတွေကို မျက်နှာပေါ်တင်ပြီး ချေးချွတ်တာတွေက အသားကို အရမ်းထိခိုက်စေပါတယ်။

(၅) Stress နဲ့ ရာသီဥတု 

Stress များတဲ့သူတိုင်း Barrier အားနည်းပါတယ်။ ဒါအပြင် ရာသီဥတု အပြောင်းအလဲမှာ အရမ်းပူတာ၊ အရမ်းအေးတာမျိုး ကြုံရတဲ့အခါ၊ ထို အပြောင်းအလဲနဲ့အညီလိုက်ပြီး adapt မလုပ်နိုင်ရင်လည်း Barrier Damage ဖြစ်တတ်ပါသေးတယ်။ 

ဒါတွေကတော့ Top 5 Barrier Damaging Factors တွေဖြစ်ပြီး၊ ဒီ post လေးကို ဖတ်လိုက်တဲ့ mixies တို့အနေနဲ့ သတိပြုရှောင်ရှားနိုင်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့တွေမှာလည်း ထပ် sharing လုပ်ပေးဦးမှာမလို့ သိချင်တာရှိရင် comment ကနေမေးခဲ့ပေးပါနော်။ 

Skin Barrier ရဲ့ အရေးပါပုံကို သိပြီး၊ Barrier Care သေချာလုပ်နေတဲ့ mixies တွေရှိနေပြီလား 🥰❤️

_____

Be a part of our community! 

📌 Telegram Channel 
https://t.me/themixbysu

📌 Facebook Mixies Group 
https://www.facebook.com/groups/521386812108763/?ref=share

📌 Instagram 
https://instagram.com/themixbysu?utm_medium=copy_linkgf

📌 YouTube Channel
https://youtube.com/channel/UCePUiGyUxLYbLfwww6ZROpA

#themixbysu #themixbysulocalbrand #themixbysuMyanmar #themixbysuMyanmarskincare #madeinMyanmar #localbrand #Myanmarlocalbrand
0 comments
Leave a comment