တချို့သောသူတွေမှာ နှုတ်ခမ်းသားမည်းတာက မွေးရာပါဆိုပေမယ့်၊ တချို့တွေဆီမှာတော့ အကြောင်းအရင်းတခုခုကြောင့် မည်းသွားတာမျိုးဖြစ်တာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားမမည်းချင်ဘူးဆိုရင်တော့ ဒီအချက် ငါးချက်ကို ရှောင်ပေးဖို့လိုပါတယ်။
(1) SPF မလိမ်းခြင်း
နှုတ်ခမ်းမှာမှ၊ အပေါ်နှုတ်ခမ်းသားတခုတည်းပဲ မည်းနေရခြင်းက နေရောင်ဒဏ်ကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေ့ခင်းဖက်၊ အထူးသဖြင့် အပြင်သွားရမယ့် အချိန်ဆို SPF lip balm လေးသုံးပေးသင့်ပါတယ်။
(2) ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း
ဆေးလိပ်သောက်တတ်သူ၊ ကွမ်းစားတတ်သူဆိုရင် နှုတ်ခမ်းသားက သိသိသာသာ မည်းနေတတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းမည်းတာမကြိုက်တဲ့သူဆိုရင် ဆေးလိပ်သောက်တဲ့အကြိမ်ရေ၊ ကွမ်းစားတတ်တဲ့အကျင့်ကို ဖျောက်ဖို့လိုပါတယ်။
(3) allergic reaction ဖြစ်ခြင်း
ကိုယ်နဲ့မတည့်တဲ့ တခုခုနဲ့ ထိတွေ့မိတဲ့အခါ ဆိုးကျိုးအနေနဲ့ ညိုမည်းခြင်းဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် Lip balm တွေ lipstick တွေမသုံးခင်မှာ၊ လက်ကောက်ဝတ်အတွင်းပိုင်းမှာ 12-24 နာရီခန့် အရင်လိမ်းထားသင့်ပါတယ်။ နီတာ၊ ရဲတာမျိုးဖြစ်မလာဘူးဆိုမှ နှုတ်ခမ်းပေါ်တင်သင့်ပါတယ်။
(4) exfoliating ကိုအလွန်အကျွံလုပ်ခြင်း
နှုတ်ခမ်းသားက မျက်နှာအသားထက်ပိုပါးတာကြောင့်၊ lip exfoliating လုပ်မယ်ဆိုလည်း scrub နုနုလေးပဲရွေးပြီး၊ ဖွဖွလေးသာပွတ်သုံးပေးသင့်ပါတယ်၊ နို့မို့ဆို ပွန်းပြီး မည်းကျန်တတ်လို့ပါ။
(5) ကြုံရာ နှုတ်ခမ်းနီဆိုးခြင်း
နှုတ်ခမ်းသားက ပါးလျပြီး sensitive ဖြစ်လွယ်တာကြောင့် ကြုံရာ နှုတ်ခမ်းနီမျိုး၊ စိတ်မချရတဲ့၊ ရေရှည်မှာ နှုတ်ခမ်းသားမည်းစေမယ့် နှုတ်ခမ်းနီမျိုးကို ရှောင်ပေးဖို့လိုပါတယ်ရှင်။
ဒါမှ နှုတ်ခမ်းသားလေးအမြဲ ကျန်းမာလှပနေမှာပါနော် ❤️
____________
Be a part of our community!
📌 Telegram Channel
https://t.me/themixbysu
📌 Facebook Mixies Group
https://www.facebook.com/groups/521386812108763/?ref=share
📌 Instagram
https://instagram.com/themixbysu?utm_medium=copy_linkgf
📌 YouTube Channel
https://youtube.com/channel/UCePUiGyUxLYbLfwww6ZROpA
#themixbysu #themixbysulocalbrand #themixbysuMyanmar #themixbysuMyanmarskincare #madeinMyanmar #localbrand #Myanmarlocalbrand
0 comments