Clay Mask သုံးပြီးတိုင်း ဒီ (3) ချက်ကို မဖြစ်မနေပြန်လုပ်ပါ !

By the mix | November 15, 2022 in Sister’s Advice | 0 comments

Sister's Advice by TMbS : Clay Mask သုံးပြီးတိုင်း ဒီ (3) ချက်ကို မဖြစ်မနေပြန်လုပ်ပါ !


Clay Mask တွေဆိုတာ တပတ် နှစ်ကြိမ်ကနေ သုံးကြိမ်ထိ သုံးပေးရုံနဲ့၊ အသားအရေအတွက် လိုအပ်တဲ့ အာဟာရနဲ့ သန့်စင်မှုကို ပေးစွမ်းနိုင်တဲ့ Weekly Care Products တွေပဲဖြစ်ပါတယ်။ 

ရွှံ့စေးအခြေခံထားတဲ့ mask တွေရဲ့ အာနိသင်ကို သေချာရဖို့ဆိုရင်၊ အသုံးမပြုခင်မှာရော အသုံးပြုပြီးချိန်မှာရော ဂရုစိုက်ပေးရမှာလေးတွေရှိပါတယ်။ 

ဒီနေ့ပြောပြပေးမှာကတော့ Clay Mask သုံးပြီးတိုင်း မဖြစ်မနေပြန်လုပ်ရမယ့် အချက် သုံး ချက်ပါပဲ။ 

( 1 ) ရေပြောင်အောင်ဆေးချပါ။ 

မျက်နှာပေါ် 15 မိနစ်ဝန်းကျင် ထားပြီးပြီဆိုတာနဲ့ ရေသန့်သန့်သုံးပြီး အနှစ်တွေ အကုန်ပြောင်အောင်ဆေးချပေးဖို့ အရေးကြီးပါတယ်။ တခါတလေ နားသယ်မွေး၊ မျက်ခုံး‌မွေးကြား၊ နှာခေါင်းဘေးနား၊ အစရှိသဖြင့် နေရာတွေမှာ ကပ်ကျန်တတ်တာ ရှိလို့ သတိထား ဂရုစိုက်ပေးပါနော်။ 

( 2 ) မျက်နှာပြန်သစ်ဖို့လိုရင်သစ်ပါ။ 

တခါတရံ Charcoal Powder တွေ ဒါမှမဟုတ် Clay Mask ထဲပါတဲ့ အမှုန်တချို့ ချွေးပေါက်ထဲ ကျန်ခဲ့တဲ့အခါ၊ တချို့ Clay Mask တွေမှာ oily ဖြစ်တဲ့ feeling ရစေတာ၊ တခါတရံ ရေနဲ့ပဲ သစ်ချရတာခက်တဲ့အခါ … မျက်နှာသစ်ဆပ်ပြာနုနုလေးပြန်သုံးပေးနိုင်ပါတယ်။ 

( 3 ) Moisturizer လိမ်းပါ။ 

အဆီပိုတွေ ဖယ်ရှားခြင်းခံလိုက်ရတဲ့အတွက် အစိုဓါတ်ပြန်ထိန်းပေးပေးဖို့က အရေးပါပါတယ်။ နို့မို့ဆို အသားတော့ကြည်ပါရဲ့… မစို‌ပြေဘူး၊ အဆီပြန်တာတော့သက်သာပါရဲ့… မျက်နှာက တင်းနေသလိုမျိုးကြီး၊ စတဲ့ ခံစားချက်တွေ ရလာနိုင်ပါတယ်။ 

ဒါ‌ေကြာင့် Sheet mask သော်လည်းကောင်း၊ ရေဓါတ်/ အစိုဓါတ်ဖြည့်ပေးမယ့် skincare သော်လည်းကောင်း ပြန်လိမ်းပေးပါနော်။ 

_____________

The Mix by Su မှာတော့ Skin Type, Skin Problem အလိုက် ရွေးချယ်စရာ Clay Mask သုံးမျိုးရှိပါတယ်။ 

♥ Morning Glow : ဝက်ခြံသမား၊ ပေါင်းစပ်အသားအရည်ပိုင်ရှင်တွေအတွက် အသင့်လျော်ဆုံးပါ။ 

♥ Midnight Dream : အဆီဖုသမား၊ အဆီပြန်အသားအရည်ပိုင်ရှင်တွေအတွက် အသင့်လျော်ဆုံးပါ။ 

♥ Gloaming Light : တင်းတိပ်သမား၊ ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်တွေအတွက် အသင့်လျော်ဆုံးပါ။ 

💰 9,000ks 
____________

Be a part of our community! 

📌 Telegram Channel 
https://t.me/themixbysu

📌 Facebook Mixies Group 
https://www.facebook.com/groups/521386812108763/?ref=share

📌 Instagram 
https://instagram.com/themixbysu?utm_medium=copy_linkgf

📌 YouTube Channel
https://youtube.com/channel/UCePUiGyUxLYbLfwww6ZROpA

#themixbysu #themixbysulocalbrand #themixbysuMyanmar #themixbysuMyanmarskincare #madeinMyanmar #localbrand #Myanmarlocalbrand #claymask #aftercare #washoffmask #clay #kaolinclay
0 comments
Leave a comment