အသက် 25 နှစ်မတိုင်ခင် သိထားရမယ့် Skin Care Tips များ

By the mix | November 14, 2022 in Sunday Talk | 0 comments

Sunday Talk with TMbS: အသက် 25 နှစ်မတိုင်ခင် သိထားရမယ့် Skin Care Tips များ 🧐


25 နှစ်ဝန်းကျင် အရွယ်ဆိုတာ Hormone အပြောင်းအလဲတွေနဲ့၊ Skin aging တွေ သိသိသာသာစတင်လာတဲ့အချိန်လို့ ယေဘုယျပြော‌မယ်ဆို မမှားပါဘူး။ 

ဒါကြောင့် အသက် 25 နှစ်နောက်ပိုင်း aging process တွေ နှေးအောင်၊ age gracefully ဖြစ်အောင် ဒီ Skin Care Tips လေးတွေကသိထားရပါမယ်နော်။ 

________

( 1 ) Skin Barrier အားကောင်းအောင် အမြဲလုပ်ထားပါ။ 

အစိုဓါတ်အမြဲဖြည့်ပါ။ ပိုးဝင်စေနိုင်တဲ့ အိမ်တွင်းကုထုံးတွေရှောင်ပါ။ ကိုယ့်အသားအရေက ထိခိုက်လွယ်တယ်ဆိုရင်၊ Skincare Products အသစ်တွေ အများကြီး စမ်းတာမျိုးမလုပ်ပဲ Skin Type နဲ့သင့်လျော်ပြီး Skin Problem တွေကို သက်သာစေတဲ့ ပစ္စည်းတွေကိုသာ စွဲသုံးပေးပါ။ ခဏခဏ Breakouts မဖြစ်ခြင်းအားဖြင့် အသားအရေပျက်စီးမှုလည်းနည်းစေပါတယ်။

( 2 ) Sunscreen မမေ့ပါနဲ့။ 

တင်းတိပ်၊ မှဲ့ခြောက်ဆိုတာ 1-2 ရက်နဲ့ ထွက်လာတာမဟုတ်ပါဘူး။ အသက် 27 လောက်မှာ ပေါ်လာတဲ့ တင်းတိပ်တွေက … အသက် 20 ဝန်းကျင်ကတည်းက UV damage တွေခံခဲ့ရလို့ဖြစ်ပါတယ်။ ဒါကြောင့် Sunscreen ကို အနည်းဆုံး အပြင်သွားတဲ့နေ့တိုင်း လိမ်းပေးပါနော်။ 

( 3 ) Exfoliating နဲ့ ရင်းနှီးနေပါစေ။ 

အသက်ကြီးလာလေလေ၊ cell turnover rate နှေးပြီး အသားထူကြမ်းလာလေလေဖြစ်ပါတယ်။ ဒါကြောင့် အသက် 25 နှစ်မတိုင်ခင်ကတည်းက Physical Exfoliating သော်လည်းကောင်း၊ Chemical Exfoliating သော်လည်းကောင်း ပုံမှန်လုပ်ပေးဖို့အကြံပြုချင်ပါတယ်။ 

_______

ဒါကတော့ အသက် 25 နှစ်အောက် mixies တိုင်း သိထားရမယ့် Skin Care Tips တွေဖြစ်ပြီး၊ အသက် 25 နှစ်အထက် mixies တွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို နောက်အပတ်တွေမှာ ပြောပြပေးသွားမှာမလို့ Stay Tuned နော်။ 

______

Be a part of our community! 

📌 Telegram Channel 
https://t.me/themixbysu

📌 Facebook Mixies Group 
https://www.facebook.com/groups/521386812108763/?ref=share

📌 Instagram 
https://instagram.com/themixbysu?utm_medium=copy_linkgf

📌 YouTube Channel
https://youtube.com/channel/UCePUiGyUxLYbLfwww6ZROpA

#themixbysu #themixbysulocalbrand #themixbysuMyanmar #themixbysuMyanmarskincare #madeinMyanmar #localbrand #Myanmarlocalbrand
0 comments
Leave a comment