လူသိနည်းတဲ့ Scalp Care အမှား (၃) ခု

By the mix | November 14, 2022 in Sister’s Advice | 0 comments

Sister's Advice by TMbS: လူသိနည်းတဲ့ Scalp Care အမှား (၃) ခု

Hair Care နဲ့ Scalp Care ဆိုတာ အမြဲဒွန်တွဲနေပါတယ်။ ဆံသားချည်းသီးသန့် ဂရုစိုက်လို့မလုံလောက်သလို၊ ဦးရေပြားကိုချည်းဂရုစိုက်နေရင်လည်းမဖြစ်ပြန်ပါဘူး။ ဒါပေမယ့် ကျန်းမာသန်စွမ်းတဲ့ဆံသားတွေလိုချင်တယ်ဆိုရင် ဦးရေပြားကိုသာ ထိန်းသိမ်းစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ 

ဒါကြောင့် ဒီနေ့ Scalp Care လုပ်ကြရမှာ အများစုမှားတတ်ကြတဲ့ အမှား (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။

( 1 ) ဘာလာလာ ဆီလိမ်းခြင်း 

ဦးရေပြားခြောက်သွေ့သူတွေအဖို့ ဆီလိမ်းတာကပြဿနာမဟုတ်ပေမယ့်၊ အဆီပြန်တဲ့ဦးရေပြားကို ဆီလိမ်းမယ်ဆိုရင် follicle ပိုပိတ်ပြီး ဆံပင်ပိုကျွတ်နိုင်ပါတယ်။ ဗောက်ထတဲ့ ဦးရေမှာဆိုရင် ဆီလိမ်းတာကြောင့် ဗောက်ပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် ဆီလိမ်းတာက Scalp Problem တွေတိုင်းအတွက် all in one solution မဟုတ်ကြောင်း သတိထားရပါမယ်။ 

( 2 ) Shampoo ကို ဦးရေပြားပေါ်မူတည်ပြီး မရွေးချယ်ခြင်း 

Scalp Care Products တွေထဲက မသုံးမဖြစ် ပစ္စည်းက Shampoo ပါပဲ။ ဦးရေပြားမှာရှိတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ဖယ်ရှားဖို့ဆိုရင် Scalp Type နဲ့ကိုက်ညီတဲ့ Shampoo ကို‌ေရွးရမှာပါ။ အဆီပြန်လား၊ ခြောက်သွေ့လား၊ ဗောက်ရှိလား၊ အစရှိသဖြင့်ပေါ့။ 

( 3 ) ရေခြောက်အောင်မသုတ်ခြင်း 

Blow Dry လုပ်ခြင်း နဲ့ Air Dry လုပ်ခြင်းမှာ အားသာချက် အားနည်းချက် ကိုယ်စီရှိကြပေမယ့်၊ ခေါင်းရေစိုပြီး ရေခြောက်အောင် မလုပ်တာက အအေးပတ်နိုင်‌ေခြ၊ ဦးရေပြား မှိုစွဲနိုင်ခြေ များသလို အနံ့ဆိုးထွက်တာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးတာနဲ့ ရေခြောက်အောင် Blow Dry/ Air Dry လုပ်ပေးကြဖို့ အကြံပေးပါရစေ။ 

Mixies တွေရော မှားလုပ်မိနေတဲ့ Scalp Care Mistakes တွေရှိလား ? comment မှာ ရေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်။ 

Be a part of our community! 

📌 Telegram Channel 
https://t.me/themixbysu

📌 Facebook Mixies Group 
https://www.facebook.com/groups/521386812108763/?ref=share

📌 Instagram 
https://instagram.com/themixbysu?utm_medium=copy_linkgf

📌 YouTube Channel
https://youtube.com/channel/UCePUiGyUxLYbLfwww6ZROpA


0 comments
Leave a comment