မျက်နှာသုတ်ပုဝါလား၊ တစ်ရှူးလား?

By the mix | November 13, 2022 in Sunday Talk | 0 comments

Sunday Talk with TMbS: မျက်နှာသုတ်ပုဝါလား၊ တစ်ရှူးလား။


အကြမ်းခံနိုင်တဲ့ အသားအရည်ပိုင်ရှင်တွေအတွက် ဘာနဲ့မျက်နှာရေသုတ်ဖြစ်လဲဆိုတာက သိပ်အရေးမကြီးပေမယ့်၊ sensitive skin တွေအတွက်ကတော့ အတော်ကိုအရေးပါပါတယ်။ 

🗞️ ဖုန်‌ပေပြီး သိပ်မသန့်နေတဲ့ မျက်နှာသုတ်ပုဝါ တခုကြောင့် breakout တွေဖြစ်သွားနိုင်သလို၊ ပုဝါအစား Tissue ပြောင်းသုံးလိုက်မှ ဝက်ခြံတွေ တဖြည်းဖြည်းသက်သာသွားတာမျိုးလည်းရှိနိုင်ပါတယ်။ 

‼️ ဒါကြောင့် mixies တို့အနေနဲ့ …

မျက်နှာသုတ်ပုဝါကို သုံးမယ်ဆိုရင် 

✔️ မကြာခဏလျှော်ဖို့ 
✔️ ဖုန်မထူတဲ့နေရာမှာလှန်းထားဖို့ 
✔️ ရေစိုတာကြာပြီး မှို၊ ဘတ်တီးရီးယားတွယ်တာမျိုးမဖြစ်စေဖို့အတွက် ခြောက်ခြောက်သွေ့သွေ့ထားဖို့ 
✔️ ‌မတော်တဆ အောက်ပြုတ်ကျသွားရင် ထပ်မသုံးပဲ လျှော်လိုက်ဖို့ 

အစရှိသဖြင့် ဂရုစိုက်ပေးဖို့မှာချင်ပါတယ်ရှင်။ 

‼️ Tissue သုံးတဲ့ mixies တို့ကလည်း 

✔️ အနံ့မပါ၊ မျက်နှာအတွက်ထုတ်ထားတဲ့ Tissue မျိုးရွေးသုံးဖို့ 
✔️ ဖုန်မတက်အောင် သေချာထိန်းသိမ်းဖို့ မှာပါရစေရှင်။ 

ဒါဆို ခု ဒီစာဖတ်နေတဲ့ Mixies တို့ရော မျက်နှာသစ်ပြီး ရေဘယ်လိုသုတ်ဖြစ်လဲဆိုတာ comment မှာပြောပြခဲ့ပါဦးနော်။ 💦

_______________

Be a part of our community! 

📌 Telegram Channel 
https://t.me/themixbysu

📌 Facebook Mixies Group 
https://www.facebook.com/groups/521386812108763/?ref=share

📌 Instagram 
https://instagram.com/themixbysu?utm_medium=copy_linkgf

📌 YouTube Channel
https://youtube.com/channel/UCePUiGyUxLYbLfwww6ZROpA

#themixbysu #themixbysulocalbrand #themixbysuMyanmar #themixbysuMyanmarskincare #madeinMyanmar #localbrand #Myanmarlocalbrand #sundaytalk #sundaytalkwiththemixbysu #knowledgesharing #sundaytalkprogram #sundaytalkwithTMBS
0 comments
Leave a comment