Shaving လုပ်မယ်ဆို ဒါတွေသိထားဖို့လိုပါတယ်။

By the mix | November 11, 2022 in Sunday Talk | 0 comments

Sunday Talk with TMbS: Shaving လုပ်မယ်ဆို ဒါတွေသိထားဖို့လိုပါတယ်။


🪒 အရေပြားပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကိုဖယ်ရှားတဲ့‌နေရာမှာ Shave လုပ်တာက အမြန်ဆုံး၊ အလုပ်ရှုပ်အသက်သာဆုံးနဲ့ ‌ကုန်ကျစရိတ်သက်သာတဲ့ နည်းလမ်းတွေထဲက တခု ဖြစ်တဲ့အလျောက် တခြား hair removal method တွေလို ကောင်းကွက်၊ ဆိုးကွက် ဒွန်တွဲနေတာလေးတွေလည်းရှိပါတယ်။
🪒 ဒါကြောင့် ဒီနေ့ Shaving အမြဲလုပ်တဲ့ Mixies တွေအတွက် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးသွားမှာပါရှင် 😉❤️
✅ Before Shaving ✅
▫️ Shave မလုပ်ခင် တရက်မှာ scrub တိုက်ပေးရပါမယ်။ Razor ဓါးအသွားတွေကြား dead cells တွေ စုပုံပြီး Razor bumps တွေမဖြစ်စေဖို့ ဖြစ်ပါတယ်။
▫️ နောက်ပြီး အရေပြားနဲ့ အမွေးအမျှင်တွေကို soften ဖြစ်စေဖို့ ရေစွတ်ရပါမယ်။ ခြောက်သွေ့နေတဲ့ skin ပေါ် shave လုပ်တာက အရေပြားပြတ်ရှဖို့အတွက် chance များစေလို့ပါ။
▫️ Lubricant အနေနဲ့လုပ်ဆောင်ပေးနိုင်တဲ့ Shaving Cream, Gel, Oil သုံးရပါမယ်။ အဓိကက ပြတ်ရှရာတွေအနည်းဆုံးဖြစ်ပြီး၊ အမွေးအမျှင်တွေကိုချောချောမွေ့မွေ့ဖယ်ရှားနိုင်ဖို့ပါ။
▫️ သံချေးတက်နေတဲ့ Razor အဟောင်းတွေမသုံးပါနဲ့။
✅ During Shaving ✅
▫️ အမွေးပေါက်ရာလမ်းကြောင်းနဲ့ ပြောင်းပြန်ရိတ်ပါ။
▫️ လိုရင်လိုသလို Razor ကို ရေဆေးပြီးသုံးပေးပါ။
✅ After Shaving ✅
▫️ ရေသေချာဆေးချပြီးနောက် Soothing Toner လေးတွေသုံးပေးလို့ရပါတယ်။ ( Rose Hydrosol, Lemon Hydrosol, or Aloe Hydrosol )
▫️Razor ကိုလည်း ရေသေချာဆေးပြီး ခြောက်သွေ့တဲ့နေရာမှာထားပေးပါနော်။
ဒါဆိုရင် Waxing, Plucking ကြောက်လို့ Shaving ပဲလုပ်နေရတဲ့ mixies တို့အတွက်လည်း အဆင်‌ပြေ ချောမွေ့ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင် 😍❤️
_____________
Be a part of our community!
📌 Telegram Channel
📌 Facebook Mixies Group
📌 Instagram
📌 YouTube Channel
0 comments
Leave a comment