အသက် 25 နှစ်ကျော်လာသူတိုင်း မဖြစ်မနေလုပ်ရမယ့် Skincare များ

By the mix | November 10, 2022 in Sister’s Advice | 0 comments

Sister's Advice by TMbS: အသက် 25 နှစ်ကျော်လာသူတိုင်း မဖြစ်မနေလုပ်ရမယ့် Skincare များ ✨

✔️ ယေဘုယျအားဖြင့် အသက် (25) နှစ်ဆိုတာ Hormone imbalance ဖြစ်တာတွေနည်းလာပြီး၊ Collagen loss သိသိသာသာစဖြစ်လာတဲ့အချိန်လို့ ဆိုနိုင်ပါတယ်။ တဖက်မှာလည်း လုပ်ငန်းခွင်ဝင်ရ ပြုရနဲ့ Stress ပိုများလာတာ၊ Self care အတွက် အချိန်သိပ်မပေးနိုင်တော့တာတွေက ရှိစမြဲပါ။
ဒါကြောင့် Busy bee လေးတွေအတွက်လည်း အပိုဝန်မပိစေပဲ အသားအရည်ထိန်းသိမ်းလို့ရမယ့် Tips လေးတွေကို ဒီနေ့ Sharing လုပ်ပေးပါမယ်နော်။ 😘
(1) Sunscreen အမြဲလိမ်းပါ။
အရွယ်မတိုင်ခင် အသားအရည် လျော့ရဲလာရတဲ့ အကြောင်းအရင်းက UV damage များလို့ပါ။ UV rays တွေအပြင် အမျိုးစုံသော Factors တွေက Skin firming ဖြစ်စေတဲ့ Collagen တွေကို ပျက်စီးစေတာကတစ်ကြောင်း၊ ထိခိုက်ပါများလာရင် အရေပြားကင်ဆာဖြစ်စေနိုင် တာကတစ်ကြောင်း၊ Sunscreen လိမ်းဖို့ နေရိပ်ထဲနေဖို့ အရေးကြီးပါတယ် … mixies တို့ရေ။
(2) Anti-aging အတွက် တခုခု သေချာစသုံးပါ။
Cell turnover rate ကို regulate ဖြစ်စေမယ့် Skincare တွေ ပါပါစေ။
Serum, Ampoule သော်လည်းကောင်း၊ အသားအရည်တင်းရင်းအောင် ကူညီပေးနိုင်တဲ့ Treatment Step တခုလည်းထည့်သင့်ပါပြီ။
အသက်ကြီးလာတာနဲ့အမျှ ဆဲလ်ဖြစ်ပျက်နှုန်းက နှေးပြီး အသားကြမ်းလာတတ်တာမလို့ Exfoliate လုပ်ဖို့လည်းလိုအပ်ပါတယ်နော်။ Skincare ကျွမ်းတဲ့သူဆို retinoid, retinol, … တွေအထိပါ ကိုင်လို့ရပါပြီ။
(3) Moisturizer ကောင်းကောင်းလိုအပ်ပါတယ်။
အဆီဂလင်းတွေအလုပ်လုပ်တဲ့နှုန်းနှေးလာရင်၊ အသားပိုခြောက်လာမှာပါ။ ခြောက်သွေ့တဲ့ skin အတွက် လိုအပ်တဲ့ အစိုဓါတ်ကို moisturizer ကောင်းကောင်းတခုစီကနေ ပြည့်ပြည့်ဝဝ ရယူနိုင်ပါတယ်။ သာမန် အစိုဓါတ်တင်မကပဲ Barrier Repairing လုပ်ပေးတဲ့ Moisturizer မျိုးရွေးဖို့ recommend လုပ်ပါတယ်။
(4) Healthy Diet မစားနိုင်ဘူးဆိုရင် ~ လိုအပ်တဲ့ Nutrients တွေကို Functional foods/ Supplements တွေကနေ ရယူပါ။
အာဟာရလုံလုံလောက်လောက်မရရှိရင်၊ ပြင်ပက ရောဂါဆိုးတွေဝင်ဖို့လွယ်ကူပါတယ်။ ဒါကြောင့် အစာအာဟာရကိုမျှမျှတတဖြစ်အောင် ဂရုစိုက်ပြီး စားသုံးပေးပါ။ ဒါမှမဟုတ် ဖြည့်စွက်စာကောင်းကောင်း တွေကို မှီဝဲနိုင်ပါတယ်။
_____________
တစ်ရက်-နှစ်ရက် နဲ့တော့ Skin Changes ဖြစ်လာတာကိုမြင်ရမှာမဟုတ်ပေမယ့်၊ ပုံမှန်သေချာလေး ဂရုစိုက်သွားပေးမယ်ဆိုရင် အချိန်ကာလတခုရောက်တဲ့အခါ Skincare ရဲ့ အကျိုးကျေးဇူးတွေကို မြင်လာပါလိမ့်မယ် ✨
_____________
Be a part of our community!
📌 Telegram Channel
0 comments
Leave a comment