Waxing လုပ်ပြီး အမြစ်ကဆွဲဖြုတ်တော့မယ်ဆိုရင်

By the mix | November 10, 2022 in Sunday Talk | 0 comments

Sunday Talk with TMbS: Waxing လုပ်ပြီး အမြစ်ကဆွဲဖြုတ်တော့မယ်ဆိုရင် 😎


Hair Removal Methods တွေထဲမှာ Waxing က လက်ရဲဇက်ရဲရှိတဲ့သူတွေနဲ့ အကိုက်ညီဆုံး နည်းလမ်းတခုပါပဲ။ ဘာလို့လဲဆိုရင် … Wax လုပ်ခြင်းက အမွေးကြမ်းသလိုဖြစ်မယ့်ကိစ္စကို ရှောင်ရှားနိုင်တဲ့အပြင်၊ ပြန်ပေါက်ဖို့ကြာတော့ တခါ wax ပြီး ဆယ်ရက်-နှစ်ပတ်လောက်က အေးဆေးပဲပေါ့။
⚠️ ဒါပေမယ့် ခုမှ စပြီး Waxing လုပ်မယ့်သူဆို ကိုယ့် hair ရယ်၊ ကိုယ့် Pain Tolerance အခြေအနေရယ်ပေါ်မူတည်ပြီး အနည်းနဲ့အများ နာကျင်မှုရှိနိုင်ပါတယ်။
ဒီအတွက် Waxing လုပ်ပြီး အမြစ်ကဆွဲဖြုတ်တော့မယ်ဆို ခုပြောပြမယ့်အချက်လေးတွေကို သိထားတာအကောင်းဆုံးပါပဲနော်။
__
(1) လက်မရဲဘူး၊ ဒါပေမယ့် Waxing ပဲလုပ်ချင်တာဆိုရင် ပထမဆုံးအကြိမ်ကို ဆိုင်မှာလုပ်လို့ရပါတယ်။ Trained professional တွေက လုပ်ပေးတာမလို့ စနစ်ကျတဲ့အပြင်၊ နာကျင်မှုလည်းလျော့နည်း နိုင်ပါတယ်။
(2) အမွေးအရှည် ¼ လက်မ အနည်းဆုံးရှိရပါမယ်။
(3) Unwanted hair တွေ Wax နဲ့အတူ၊ အလွယ်တကူကပ်ပါသွားစေဖို့ Waxing မလုပ်ခင် Lotion လိမ်းတာမျိုးမလုပ်ပါနဲ့၊ နောက်ပြီး ရေစိုစိစိဖြစ်နေတာမျိုး မဖြစ်အောင် သေချာ အခြောက်ခံပါ၊ ချွေးတွေထွက်နေရင်လည်း Wax ကပ်အားကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဲ့အတွက်ပေါင်ဒါမှုန့်သုံးပေးလို့ရပါတယ်ရှင်။
(4) အိမ်မှာ Wax လုပ်မှာဆိုရင်လည်း၊ Product Direction အတိုင်းသေချာလိုက်နာပေးဖို့ လိုပါတယ်။
(5) နာကျင်မှုသက်သာဖို့ ရေခဲကပ်တာမျိုးလုပ်ပေး နိုင်ပါတယ်။ အကုန် Wax ပြီးမှ‌ နော်။
(6) ပြီးပြီဆိုရင်တော့ Infection ဝင်စေနိုင်တဲ့အပြုအမူတွေကို တစ်ရက် နှစ်ရက်လောက် ရှောင်ပေးရပါမယ်

---
ဒီအချက်လေးတွေကို လိုက်နာကြမယ်ဆိုရင် ~ နာကျင်မှုအလျော့နည်းဆုံး နဲ့ အထိရောက်ဆုံး Waxing လုပ်ခြင်း ဖြစ်လာစေမှာပါ။
Mixies တို့ရော Waxing Fan လား? Shaving Fan လား?
________
Be a part of our community!
📌 Telegram Channel
0 comments
Leave a comment