အဆီပြန်တဲ့သူတွေ အဆီပိုပြန်လာတာ၊ Fungal acne ပေါက်ဖူးသူတွေလည်း Fungal acne တွေပြန်ကြွလာတာ၊ အသားယားလွယ်ရဲလွယ်လာတာ၊ ဗောက်ပိုထလာတာ၊ ဦးရေပြားအနံ့ထွက်လွယ်လာတာ၊ ဆံပင်ပိုငြိရှုပ်လာတာ၊ ခြေထောက်မှိုစွဲတာ တွေက မိုးရာသီမှာ ကြုံရတတ်တဲ့ Skin Problems တွေပါပဲ။
ဒါတွေမဖြစ်ဖို့ဆို ~
( 2 ) မျက်နှာအသားအရည် နဲ့ ဦးရေပြား ကို မိုးရေမစိုစေတာ။
( 3 ) Scalp Scrub သုံးပေးတာ၊ ခေါင်းလျှော်ပြီးတိုင်း ရေခြောက်အောင်သုတ်တာ။
( 4 ) ဆံပင်ကို ရေမစိုအောင်ထားတာ၊ ဒါမှမဟုတ် ဖြန့်ချမထားပဲ ကျစ်ဆံမြီးကျစ်တာ၊ ထုံးတာ၊ စုစည်းထားတာ စတဲ့ Hairstyle တွေလုပ်ပေးတာ။
( 5 ) အပြင်ကပြန်လာတိုင်း သေချာရေချိုးသန့်စင်တာ၊ scrub တိုက်တာ။
စတဲ့ အပြုအမူလေးတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်ရှင်။

___________
Be a part of our community!



0 comments