ခြောက်သွေ့ဖွာလန်နေတဲ့ ဆံပင်တွေကို စိတ်ကုန်နေပြီလား။

By the mix | November 08, 2022 in Sunday Talk | 0 comments

Sunday Talk with TMbS: ခြောက်သွေ့ဖွာလန်နေတဲ့ ဆံပင်တွေကို စိတ်ကုန်နေပြီလား။


ဆံပင်က အဆီအနှစ်မရှိ ဖွာနေတယ်၊ ခြောက်သွေ့ပြီး မွဲနေတယ်၊ ကိုင်ရတာ အရသာမရှိ ပေါ့ရွှတ်နေတယ် လို့ခံစားနေရတယ်ဆိုရင် … ဒါတွေအားလုံးရဲ့အဖြေက ဆံသားကို အဆီဓါတ်၊ အာဟာရဓါတ်ဖြည့်ပေးဖို့ပါပဲ။ ✨
ဆံသားဆိုတာ ဖြောင့်စင်းနေမှ လှတာမဟုတ်ပါဘူး၊ ကောက်တဲ့ဆံပင်ပဲဖြစ်ပါစေ ကွေးတဲ့ဆံပင်ပဲဖြစ်ပါစေ … စိုစိုပြေပြေ နဲ့ အာဟာရပြည့်ပြည့်လေးဖြစ်နေပုံပေါက်ရင် ကို လှနေပါပြီ။
ခြင်္သေ့ဆံပင်ကနေ ပိုးသားလိုနူးညံ့တဲ့ ဆံသားလေး ပြန်ရဖို့ဆို —

( 1 ) ခေါင်းမလျှော်ခင် ဆံသားကို ဆီနှပ်ပါ။
( 2 ) shampoo သုံးပြီးတိုင်း ပျော့ဆေး၊ ပေါင်းဆေး ပြန်သုံးပါ။
( 3 ) dryer မမှုတ်ခင် အပူခံနိုင်အောင် heat protectant သုံးပါ။
( 4 ) ဆံသားကို လိမ်းလိုက်တာနဲ့ စိုစိုပြေပြေဖြစ်စေပြီး အားဖြည့်ပေးနိုင်တဲ့ hair oil မျိုးသုံးပါ။
( 5 ) ဘီးကောင်းကောင်းနဲ့ဖြီးပါ။
( 6 ) ပိုးသားခေါင်းအုံးစွပ်နဲ့အိပ်ပါ။
( 7 ) စိတ်ရှည်ပါ၊ ပုံမှန်လုပ်ပေးပါ။

ဒါဆို ဆံပင်က ဝိတ်ရှိရှိလေးနဲ့ အာဟာရပြည့်ပြီး ကျန်းမာတဲ့ပုံစံလေး ပြန်ရလာပါလိမ့်မယ် နော် 💘
__________
Be a part of our community!
📌 Telegram Channel
0 comments
Leave a comment