ဆံပင်သန်ချင်သူတိုင်း ဖတ်ဖို့ ‼️

By the mix | November 06, 2022 in Sunday Talk | 0 comments

Sunday Talk with TMbS: ဆံပင်သန်ချင်သူတိုင်း ဖတ်ဖို့ ‼️


ကိုယ်က ဆံပင်သန်ချင်တယ် ဆိုရင် ပထမဦးဆုံးအနေနဲ့ ဆံသားကို အားနည်းစေတာဘာတွေလဲဆိုတာ သိထားဖို့လိုပါတယ်။
(၁) ရေ
ဆံသားက Hydrophobic ဖြစ်တာကြောင့် ရေနဲ့ထိတွေ့ချိန်တိုင်း၊ လေထဲ ရေငွေ့များတိုင်းမှာ ဆံပင်တွေပိုငြိတာကို ကြုံဖူးကြမှာပါ။ ဒါကြောင့် ရေက ဆီကြိုက်တဲ့ဆံသားကို ပိုရှုပ်ထွေးစေခြင်း အားဖြင့် ပိုမိုအားနည်းစေပါတယ်။
✅ SOLUTION - ဆံသားကို ဆီလိမ်းပေးခြင်းအားဖြင့် အလွယ်တကူအားဖြည့်ပေးနိုင်ပါတယ်။
__
(၂) အပူဒဏ်
နေပူဒဏ်အပြင်၊ Styling Tools တွေဆီက အပူဒဏ်သည်လည်းပဲ ဆံသားရဲ့ Protein Structure တွေကိုပျက်စီးစေတဲ့အတွက် ဆံသားကိုအားနည်းစေပါတယ်။
✅ SOLUTION - အပူဒဏ်ခံနိုင်တဲ့ product တွေသုံးပြီး၊ Styling Tools တွေသုံးတာ လျှော့ချပေးပါ နေပူရှောင်ပါ။
__
(၃) ပွတ်တိုက်မှု
Friction ဆိုတဲ့ ပွတ်တိုက်မှုက ဆံသားပေါ်မှာ Electrons တွေပိုမိုစီးဆင်းစေပါတယ်။ Negative Charges, electrons တွေ များတဲ့ဆံသားက ငြိလွယ်တဲ့အတွက် ဆံသားတောက်တောက် ပြောင်ပြောင်မဖြစ်တာ၊ ဖွာတာတွေ ဖြစ်ပြီးနောက် ဆံသားအားနည်းစေပါတယ်။
✅ SOLUTION - ပိုးသားခေါင်းအုံးစွပ်သုံးပါ။ Conditioner သုံးပါ။ Hair Oil, Serum အမြဲသုံးပါ။ ဘီးကို မလိုအပ်ရင် မဖြီးပါနဲ့၊ တတ်နိုင်သလောက် Quality ကောင်းတဲ့ ဘီးမျိုးရွေးချယ်ပေးပါ။
__
(၄) အားနည်းတဲ့ဦးရေပြား
ဦးရေပြားအားနည်းရခြင်း အကြောင်းအရင်းအများကြီး ရှိတဲ့အထဲက တချို့ကတော့ ရောဂါအခံတခုခုရှိနေခြင်း၊ အာဟာရမျှမျှတတမစားသုံးခြင်း၊ အပြင် ဦးရေပြားသန့်ရှင်းမှုမရှိခြင်း တို့ပါဝင်ပါတယ်။
✅ SOLUTION - Diet ကို အာဟာရမျှတအောင်စားသုံးပြီး၊ ဦးရေပြားအားဖြည့် Tonic, Essence, Serum, Oil လိမ်းပေးလို့ရသလို၊ Scalp Nourishing အတွက် Scalp Scrub အပြင်၊ Scalp Type နဲ့ကိုက်ညီတဲ့ Shampoo မျိုးရွေးချယ်ပေးရပါမယ်။ ရောဂါအခံ နဲ့ Medications တချို့ကြောင့်ဖြစ်တဲ့ ဦးရေပြားအားနည်းခြင်းကတော့ Hair Care နဲ့မသက်သာနိုင်ပါဘူး။ Underlying Cause ကို အရင်ကုသပေးဖို့ပဲ အကြံပြုချင်ပါတယ်။
_____
ခု ဆံသားအားနည်းစေတဲ့အရာတွေအပြင် Solution တွေကိုပါ သိပြီဆိုတော့၊ ဒီအတိုင်းလေး တတ်နိုင်သလောက် လိုက်နာပေးပါ။
ဆံပင်သန်ဖို့၊ အားနည်းနေတဲ့ဆံသားတွေဆိုလည်း ပြန်ကျန်းမာလာမှာ အသေအချာပါပဲနော်။ ✨❤️
_________
0 comments
Leave a comment