Skincare အတွက် ဘယ်နေရာတွေမှာ ငွေသုံးရမလဲ။

By the mix | November 05, 2022 in Sunday Talk | 0 comments

Sunday Talk with TMbS: Skincare အတွက် ဘယ်နေရာတွေမှာ ငွေသုံးရမလဲ။


💰 Skincare စလုပ်ပြီဆိုကတည်းက ရပ်လိုက်လို့ကို မရတဲ့ ကမ္ဘာကြီးထဲ ရောက်သွားပြီမို့၊ ငွေကို ချင့်ချိန်သုံးစွဲတတ်ဖို့က အရေးပါပါတယ်။

နောက်ပြီး Skincare Products တွေအများကြီး ရွေးချယ်စရာရှိလာတဲ့ ဒီနေ့ခေါတ်မှာ ဘယ်နေရာမှာတော့ ငွေသုံးရတာတန်တယ်၊ ဘယ်နေရာမှာကတော့ သိပ်မသုံးသင့်ဘူး ဆိုတာမျိုးသိထားရင်အကောင်းဆုံးပါပဲ။ ✅

ဒါကြောင့် ~~~
Cleanser — မျက်နှာသစ်ဆေးတွေအတွက် ငွေသိပ်မသုံးပါနဲ့။ ဈေးသက်သာတဲ့ထဲက အဆင်ပြေတာမျိုးကိုရှာသုံးပါ။
Toner — ငွေအရမ်းသုံးစရာမလိုပါဘူး။ ကိုယ့် Skin Concern နဲ့ကိုက်ညီတဲ့ toner မျိုးဆိုရပါပြီ။
Serum/ Ampoule/ Essence — ပေးရတဲ့ဈေးနဲ့တန်တဲ့ quality ပြန်ရမယ့် essence/ serum/ ampoule ဆိုရင်တော့ ငွေသုံးပါ 🤑
Moisturizer — အစိုဓါတ်ထိန်းဖို့အတွက်ကိုလည်း ငွေသိပ်သုံးစရာမလိုပါဘူး။ ရေဓါတ်ဖြည့်ပြီး အစိုဓါတ်ထိန်းတဲ့အလုပ်ကို သေချာလုပ်ရင် ရပါပြီ။
Exfoliator — ငွေသုံးပါ။
Sheet Mask — ချွေတာပါ။
Sunscreen — ချွေတာပါ။ ကိုယ်နဲ့အဆင်ပြေတဲ့ Sunscreen ကိုစွဲသုံးပါ။ အမြဲသုံးပါ။ နေရောင်ဒဏ်ကို သေချာကာကွယ်ပေးနိုင်ရင်ကို အဆင်ပြေပါပြီနော်။

အကုန်အကျ အများကြီးမရှိစေပဲ မျက်နှာသစ်ဆပ်ပြာကောင်းကောင်း၊ Exfoliator ကောင်းကောင်း၊ Toner ကောင်းကောင်း လိုအပ်တယ်ဆိုရင်တော့ The Mix by Su ဆီကနေ ရွေးချယ်နိုင်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ်။ 😛❤️
Face & Body Soap - 3,500ks
Skin Harmony Facial Scrub - 15,000ks
Hydrosol - 9,000ks
0 comments
Leave a comment