ဗောက်အမြန်ပျောက်ဖို့ဆိုရင်

By the mix | November 04, 2022 in Sister’s Advice | 0 comments

Sister's Advice by TMbS: ဗောက်အမြန်ပျောက်ဖို့ဆိုရင်


ဦးရေပြားမှာ အဆီများလွန်းတဲ့အခါ၊ Malassezia ရှိသင့်တာထက် ပိုများလာတဲ့အခါ ဗောက်ဆိုတာဖြစ်လာပါတယ်။ တခါတရံ ဦးရေပြားခြောက်သွေ့လွန်းတာကလည်း ဗောက်ပိုထစေနိုင်ပါတယ်။
ဒါကြောင့် ဗောက်ကြောင့်စိတ်ညစ်နေရပြီဆိုရင် ခု ပြောပြမယ်အချက်လေးတွေကို အစဉ်လိုက်အတိုင်းလုပ်ပေးနိုင်ပါတယ်။
.
.
(၁) ဗောက်ပျောက်ဆေးရှမ်ပူ သုံးပါ။
Sulfur, Ketoconazole, Zinc, Selenium Sulfide စတဲ့ Compound ပါတဲ့ Shampoo မျိုး ရွေးဝယ်ပါ။ တပတ် နှစ်ကြိမ်သုံးပါ။ ဆံသားခြောက်သွေ့ခြင်းဖြစ်ပေါ်လာပါက ဆီလိမ်းပါ၊ ပျော့ဆေးပြန်သုံးပေးပါ ( ဦးရေပြားမထိရန် ဂရုစိုက်ရပါမယ် )
.
.
(၂) Scalp Scrub သုံးပြီး ဆက်ထိန်းပါ။
အဆီကိုစားပြီးပွါးတဲ့ Malassezia ကြောင့် ဗောက်အဓိကဖြစ်တာမလို့၊ အဆီပိုတွေပြောင်စင်အောင် ရှင်းပေးနိုင်တဲ့ Scalp Scrub က အသက်ပါပဲ။
.
.
အရမ်းအဆီပြန်ရင် Charcoal Scalp Scrub နဲ့ သိပ်အဆီမပြန်ရင် ပီကေနံ့မွှေးတာလေးပိုကြိုက်ရင် Rice Scalp Scrub ကိုရွေးချယ်ပါ။
.
.
(၃) တစ်ပတ် နှစ်ကြိမ် မှ သုံးကြိမ်ထိ ခေါင်းလျှော်ပါ။
အဆီပိုတွေ နဲ့ အညစ်အကြေးတွေ ဦးရေပေါ်စုလာလေလေ ဗောက်ပိုဆိုးလေဖြစ်ပါတယ်။ ဒါကြောင့် ရက်ခြားခေါင်းလျှော်ပေးခြင်းအားဖြင့် ‌ဗောက်တွေကို အချိန်တိုအတွင်း ဝေးဝေးနှင်ထုတ်နိုင်မှာဖြစ်ပါတယ်။
.
.
.
ဒါဆို mixies တို့လည်း ဗောက်ဘယ်အချိန်ထထ စိတ်ပူစရာမလိုပဲ ကိုင်တွယ်ဖြေရှင်းနိုင်သွားမယ်လို့ ထင်ပါတယ်ရှင် 🥰
0 comments
Leave a comment