Scrub texture ကြမ်းမှ အာနိသင်ထိရောက်တာလား?

By the mix | November 03, 2022 in Sunday Talk | 0 comments

Sunday Talk with TMbS: Scrub texture ကြမ်းမှ အာနိသင်ထိရောက်တာလား။

Body Exfoliating နည်းလမ်းတွေထဲမှာ Scrub တိုက်တဲ့နည်းလမ်းက လူကြိုက်အများဆုံးပါပဲ။
👉 ခန္ဓာကိုယ်အရေပြားမှာလည်း ခြေဖဝါးလိုအသားထူတဲ့နေရာ၊ ရင်ဘတ်နဲ့ လည်ပင်းလို အသားပါးတဲ့နေရာတွေရှိတာကြောင့်
Scrub အသားကြမ်းရင်ကြမ်းသလို အသားပွန်းတာ၊ နီတာ၊ရဲတာ၊ စပ်တာ မျိုးတွေကြုံနိုင်ပါတယ်။

✔️ ဒါကြောင့် ပုံမှန် အပတ်စဉ် Scrub တိုက်မယ့်သူဆိုရင် မဖြစ်မနေ Scrub အကြမ်းတွေကို အသုံးပြုစရာမလိုပါဘူး။
✔️ နောက်ပြီး Scrub အသားကြမ်းမှ အာနိသင်ထိရောက်တာမျိုးမဟုတ်တဲ့အတွက် ~ Scrub တိုက်ရတဲ့ခံစားချက်လည်းရပြီး အသားလည်းမပွန်းစေတဲ့ Scrub မျိုးကို ရွေးချယ်တာ ပိုကောင်းပါတယ်။
✔️ ဘယ် Scrub မဆို — အသားကို ရေသေချာစွတ်ပြီးမှတိုက်ဖို့၊ စက်ဝိုင်းပုံပွတ်ပေးဖို့၊ ဖိပြီးမပွတ်ဖို့ နဲ့ အသုံးပြုပြီးရင် အစိုဓါတ်ပြန်ထိန်းပေးဖို့က အရေးကြီးတာပါပဲ။

‼️ The Mix by Su ရဲ့ Sugar Scrub Formula အသစ်မှာက Texture ကို နဂိုကလောက် မကြမ်းတော့အောင်ပြုလုပ်ထားပါတယ်။ ဒါကြောင့် ယခင် Formula ကိုမှ အားရတဲ့ mixies တွေကတော့ ဒီ Texture လေးကို အနည်းငယ်နုတယ်လို့ ခံစားရနိုင်ပါတယ်။ ယခင် Formula ကို ကြမ်းတယ်လို့ခံစားရတဲ့ mixies တွေအတွက်ကတော့ new formula လေးက ကွက်တိဖြစ်စေမှာပါရှင် ‼️
0 comments
Leave a comment