ဦးရေပြားအဆီပြန်တဲ့ mixies တွေအတွက် ဆောင်ရန်ရှောင်ရန် ✔️

By the mix | November 03, 2022 in Sunday Talk | 0 comments

Sunday Talk with TMbS: ဦးရေပြားအဆီပြန်တဲ့ mixies တွေအတွက် ဆောင်ရန်ရှောင်ရန် ✔️


👉 Oily Scalp တွေဆိုတာ
— ဦးရေပြား၊ ဆံသားအဆီပြန်တာအပြင်
— ဗောက် ( အဆီကြောင့်ပိုဆိုးတတ်တယ် )
မွေးညင်းပေါက်ပိတ်ဆို့ခြင်း ( ဒါကြောင့် ဆံပင်မသန်တာ၊ ပိုကျွတ်တာ၊ ... အပါအဝင် ) စတဲ့ ပြဿနာတွေပါဖြစ်တတ်ပါတယ်။
👉 Oily Scalp ကို လုံးဝအဆီမပြန်တော့အောင် Scalp Care တွေနဲ့ ပြောင်းလဲပစ်လို့မရပေမယ့် အဆီပြန်ခြင်းရဲ့နောက်ဆက်တွဲတွေအပါအဝင် ဆံပင်ပြားကပ်ကပ်ဖြစ်တာ/ကပ်စေးစေးဖြစ်တာတွေကို အဖြစ်နည်းအောင်လို့ ဂရုစိုက်ပေးလို့တော့ ရပါတယ်။
✖ Oily Scalp တွေ အဓိကသတိထားရမှာက အဆီဓါတ်၊ အစိုဓါတ်များတဲ့ Shampoo ရှောင်ဖို့ပါ။
✖ ဦးရေပြားကိုဆီနှပ်တာလည်းရှောင်ပါ။

✔ ဦးရေပြားပေါ်က အဆီ၊ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ပြောင်စင်အောင် ဖယ်ရှားပေးနိုင်တဲ့ shampoo တွေကိုသုံးသင့်ပါတယ်။
✔ အရမ်းအဆီပြန်ရင် Charcoal Scalp Scrub, သိပ်အဆီမပြန်ရင် Rice Scalp Scrub ကို သုံးပေးသင့်ပါတယ်။
ဒါဆို ဆံပင်ထူထူလေးနဲ့ ကပ်စေးစေးဖြစ်မနေတော့ဘူးဆိုတာ အသေအချာပါပဲနော်။ ✨
0 comments
Leave a comment