မျက်နှာက ဘာလိမ်းလိမ်းစပ်နေရင် …

By the mix | November 02, 2022 in Sister’s Advice | 0 comments

Sister's Advice by TMbS: မျက်နှာက ဘာလိမ်းလိမ်းစပ်နေရင် …


🔺 အသားကို အနည်းငယ်စပ်ဖျင်းဖျင်းဖြစ်စေနိုင်တဲ့ ingredients ( Glycolic acid, tea tree essential oil, … ) မပါတဲ့ skincare မျိုးသုံးနေရင်းကို စပ်နေတာဆိုရင်တော့ ဒါက Barrier Damaged ဖြစ်နေတဲ့ လက္ခဏာတခုလို့ ဆိုနိုင်ပါတယ်။
🔺 အဲ့လိုဖြစ်လာပြီဆိုတာနဲ့ အရေးကြီးတာတခုက နဂိုလိမ်းဖူးတဲ့ Skincare တွေနဲ့ တည့်၊ မတည့် ဆိုတာ မသေချာတော့ဘူးဆိုတာပါပဲ။
🔺 ဒါကြောင့် ပထမဦးဆုံး Skincare Routine ကို အရိုးရှင်းဆုံးလုပ်ပါ။ မျက်နှာသစ်ဆေး ပျော့တာသုံးပါ။ Harsh ဖြစ်တဲ့ Skincare ဘာမဆိုရှောင်ပါ။
🔺 Barrier Repairing အတွက် Cica, Aloe လို ingredients တွေအပြင်၊ Panthenol, Niacinamide, Snail, Peptide, … စတဲ့ ingredients ပါတဲ့ Skincare တွေကို ရွေးချယ်နိုင်ပါတယ်။
🔺 UV rays တွေက အသားအရည်ကို ပျက်စီးစေတာကြောင့် Sunscreen လိမ်းပေးဖို့လည်းလိုအပ်ပါမယ်။
“ ဘာလိမ်းရမှန်းမသိတော့ဘူး၊ ပိုပိုဆိုးလာတယ် ” လို့ ခံစားရရင်တော့ နီးစပ်ရာအရေပြားဆေးခန်းမှာ ကုသမှုခံယူဖို့အကြံပေးချင်ပါတယ်ရှင်။
0 comments
Leave a comment