ဝက်ခြံထွက်နေချိန် Vitamin C သုံးလို့ရလား ⁉️

By the mix | November 01, 2022 in Sunday Talk | 0 comments

Sunday Talk with TMbS: ဝက်ခြံထွက်နေချိန် Vitamin C သုံးလို့ရလား ⁉️

Vitamin C ဆိုတာ အသားကြည်စေ၊ တင်းစေပြီး နုပျိုစေတဲ့ Strong powerful antioxidant တမျိုးဖြစ်တာကြောင့် လူကြိုက်များနာမည်ကြီးလှပါတယ်။
ဒါပေမယ့် တချို့သော Pure Vitamin C products တွေက အဆီပိုပြန်စေတာ၊ အဆီဖုထွက်စေတာ၊ အသားကို irritation ဖြစ်သွားစေတာမျိုးဖြစ်စေတတ်ပါတယ်။
ဒါကြောင့် ဝက်ခြံထွက်နေချိန်မှာဆိုရင် Pure Vitamin C ( ascorbic acid ကဲ့သို့သော vitamin C ingredients မျိုး ) ပါတဲ့ product တွေကို ခဏရပ်ထားတာ၊ အသုံးမပြုတာ အကောင်းဆုံးပါပဲ။
အဆီဖု၊ ဝက်ခြံတွေသက်သာပြီဆိုတဲ့အချိန်ကျမှ အသုံးပြုပေးပါ။
✅ ဝက်ခြံထွက်နေချိန်မှာ Vitamin C အာနိသင်ကို လိုချင်တာဆိုရင်တော့ Lemon, Vitamin Fruit စတဲ့ vitamin C ကြွယ်ဝတဲ့ natural ingredients တွေကို အဓိကထား ထုတ်လုပ်ထားတဲ့ skincare မျိုးကို ရွေးချယ်နိုင်ပါတယ် နော် … mixies တို့ရေ။ ကိုယ့် Skin နဲ့သာတည့်မယ်ဆို အဆီဖုထတာမျိုး၊ ဝက်ခြံပိုပွါးလာတာမျိုး မကြုံရတော့ဘူးပေါ့ ရှင်။
Be a part of our community!
📌 Telegram Channel
0 comments
Leave a comment