နားထင်မှာအဖုမပေါက်အောင် ဘယ်လိုဖြေရှင်းရမလဲ?

By the mix | November 01, 2022 in Sister’s Advice | 0 comments

Sister's Advice by TMbS: နားထင်မှာ အဖုမပေါက်အောင်


🔺 ဝက်ခြံပေါက်လွယ်တဲ့လူတယောက်အတွက်က မျက်နှာရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို အဖုထနိုင်ပေမယ့် နားထင်ပေါ်မှာ ဘာကြောင့် ‌ဝက်ခြံပေါက်တတ်ကြလဲဆိုတာရယ်၊ ဘယ်လို ဖြေရှင်းရမလဲဆိုတာရယ် ဒီနေ့ post လေးနဲ့ sharing လုပ်ပေးပါရစေရှင်။
🔺 နားထင်ပေါ်ကဝက်ခြံအများစုက အဓိက သန့်ရှင်းရေးကြောင့်၊ ချွေးကြောင့်နဲ့ ဟော်မုန်းကြောင့် ပေါက်တာများပါတယ်။
▪️ ဦးထုပ်၊ ဆိုင်ကယ်ဦးထုပ် အစရှိသဖြင့် အမြဲဆောင်းရတဲ့သူဆိုရင်လည်း နဖူး၊ နားထင်မှာ ဝက်ခြံပိုထွက်တတ်ပါတယ်။
▪️ တချို့ hair care products တွေ မျက်နှာပေါ်စီးကျတာမျိုးရှိလာရင်လည်း အဖုထတာမျိုးကြုံရတတ်ပါတယ်။
▪️ ဟော်မုန်းကြောင့်ဆိုရင်တော့ skincare products တွေချည်းပဲနဲ့ control လုပ်လို့မရနိုင်ပါဘူး။
👀 ဒါကြောင့် နားထင် နေရာမှာ ဝက်ခြံအမြဲပေါက်တတ်တယ်ဆိုရင် ဦးထုပ်၊ ခေါင်းစွပ်တွေကို အချိန်အကြာကြီး ဆက်တိုက်မဝတ်တာ၊ အမြဲလျှော်ပေးတာ၊ ခေါင်းအုံးစွပ်အမြဲလျှော်တာ အစရှိသဖြင့် ဆင်ခြင်နိုင်ပါတယ်။
👀 နေ့စဉ် Cleansing သေချာလုပ်ခြင်း၊ အပတ်စဉ် Clay Mask သုံးခြင်း အားဖြင့်လည်း သက်သာစေနိုင်မှာဖြစ်ပါတယ်ရှင်။
0 comments
Leave a comment