နုနယ်တဲ့မျက်လုံးတဝိုက်မှာ ဘာကြောင့် အဆီဖုလေးတွေပေါက်ကြတာပါလိမ့် … ?

By the mix | October 31, 2022 in Sister’s Advice | 0 comments

Sister's Advice by TMbS: မျက်လုံးတဝိုက်က အဆီဖုလေးတွေအတွက်


မျက်လုံးပတ်ဝန်းကျင်က skin က အရမ်းနုပြီး ပါးလွှာတာကြောင့် ဘယ် high exfoliating product ကိုမှ အသုံးမပြုသင့်ဘူးဆိုတာ mixies တို့သိပြီးဖြစ်ကြမှာပါ။
အဲ့လို နုနယ်တဲ့မျက်လုံးတဝိုက်မှာ ဘာကြောင့် အဖုလေးတွေပေါက်ကြတာပါလိမ့် … ?
အကြောင်းအရင်းတွေကတော့အများကြီးရှိပါတယ်။ ဖြစ်နိုင်ခြေတွေကလည်းများတာကြောင့် reason နှစ်ခုကိုပဲ ပြောပြပေးသွားပါမယ်။
✔️ ပထမတခုက skincare ကြောင့်ပေါက်တာမျိုးပါ။ ကိုယ်သုံးလိုက်တဲ့ eye cream က အရမ်းပျစ်လွန်းနေတာမျိုး ဖြစ်တဲ့အခါမှာ အဆီဖုထတတ်ပါတယ်။
✅ ဖြေရှင်းနည်း — eye cream ကို လိုမှပဲသုံးပေးပါ။ ခပ်ကျဲကျဲနဲ့အဆီနည်းတာကို ရွေးပေးပါ။ နည်းနည်းပဲလိမ်းပါ။

✔️ နောက်တခုကတော့ မျိုးရိုး၊ အသက်အရွယ်၊ နဲ့ နေထိုင်မှုပုံစံတွေ၊ တခြား အကြောင်းအရင်းမသိရတဲ့ အရာတွေကြောင့် ပေါက်တာမျိုးပါ။
Milia လို အဖြူစိခဲခဲလေးတွေ၊ Syringoma လို ပြားပြားပျော့ပျော့အဖုလေးတွေ အပါအဝင် Xanthelasma လို အဆီဖတ်လေးတွေပါ အပါအဝင်ပေါ့နော်။
✅ ဖြေရှင်းနည်း — အိမ်မှာမဖြေရှင်းသင့်တဲ့၊ မဖောက်သင့်တဲ့ အဖုတွေထဲ မျက်လုံးတဝိုက်က အဖုတွေပါပါတယ်။ ဆရာဝန်နဲ့ပြပြီး သင့်လျော်တဲ့ treatment ကိုသာခံယူပေးရပါမယ်ရှင်။
__________
မျက်လုံးတဝိုက်မှာ အဖုထတတ်တဲ့ mixies တွေရှိလား၊ ဘယ်လိုအဖုမျိုးလေးတွေ ဖြစ်တတ်လဲဆိုတာ comment မှာ မျှဝေပေးခဲ့ပါဦးနော်။
0 comments
Leave a comment