ခေါင်းပေါ်မှာပေါက်တဲ့ ဝက်ခြံပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ?

By the mix | October 30, 2022 in Sister’s Advice | 0 comments

Sister's Advice by TMbS: ခေါင်းပေါ်မှာပေါက်တဲ့ ဝက်ခြံ


Scalp ပေါ်က ဝက်ခြံဖုအများစုက follicle ရောင်ရမ်းလို့, အဆီနဲ့ အညစ်အကြေးတွေ ပိတ်လို့ဖြစ်ကြတာ များပါတယ်။
ကိုယ်တိုင်က နဂိုအဆီပြန်တဲ့သူဖြစ်တာ၊ ခေါင်းခဏခဏမလျှော်ဖြစ်တာ၊ ဦးရေပြားကိုဆီနှပ်တာ၊ နေထိုင်တဲ့ပတ်ဝန်းကျင်က လေထုညစ်ညမ်းတာ၊ ဖုန်တွေထလွန်းတာ … စတဲ့အကြောင်းအရင်းတွေကြောင့် မွေးညင်းပေါက်ကို အဆီ၊ အညစ်အကြေး၊ ဘတ်တီးရီးယားတွေ ကပ်ငြိပိတ်ဆို့တဲ့အခါမှာ follicle ရောင်ရမ်းပြီး ဝက်ခြံဖုပေါက်လာပါတော့တယ်။
‼️ ဒါကြောင့် ဦးရေပြားပေါ် ဝက်ခြံမပေါက်ဖို့ဆိုရင် Scalp Scrub သုံး၊ Exfoliation လုပ်ပြီး၊ ခေါင်းပုံမှန်လျှော်ပေးဖို့ အရေးကြီးပါတယ်။
‼️ ဝက်ခြံပေါက်လာရင်တော့ ရောင်ရမ်းတာသက်သာစေတဲ့ Aloe Hydrosol ပဲဖြစ်ဖြစ်၊ antibacterial ဖြစ်တဲ့ Cinnamon Hydrosol ဖြစ်ဖြစ် ခေါင်းမလျှော်ခင် ဖြန်းထားပေးလို့ရပါတယ်ရှင်။
ဒါ့အပြင် ဦးရေပြားပေါ်က ဝက်ခြံတွေကို မညှစ်ကြဖို့အကြံပြုချင်ပါတယ်နော် mixies တို့ရေ။
0 comments
Leave a comment