အသားအရည်ပိုလှဖို့ စိတ်ချမ်းသာအောင်နေကြစို့။

By the mix | October 30, 2022 in Sunday Talk | 0 comments

Sunday Talk with TMbS: စိတ်ချမ်းသာမှ အသားအရည်ပိုလှမှာ


Mental Wellbeing နဲ့ Skin Health နဲ့က တိုက်ရိုက်အချိုးကျပါတယ်။ စိတ်ပူပန်သောကတွေကြောင့် အသားအရည်ကပို sensitive ဖြစ်တာ၊ Skin barrier အားနည်းတာ တွေ ပိုဖြစ်လေ့ရှိပါတယ်။
ဒါကြောင့် Mental Health is Skin Health လို့ပါ ဆိုကြတာဖြစ်ပါတယ်။
Stress ပိရင် ဝက်ခြံသမားက ဝက်ခြံပိုထွက်၊ Rosacea သမားက အသားတွေပိုနီမြန်း၊ အရေပြားလေးဘက်နာရောဂါရှိတဲ့သူကလည်း ပိုဆိုး၊ နှင်းခူလို အရေပြားခြောက်သွေ့တဲ့ရောဂါရှိသူကလည်း ခြောက်သည်ထက်ပိုခြောက် အစရှိသဖြင့်ကြုံကြရပါတယ်။ ကာလကြာရှည် စိတ်ကျန်းမာရေးအခြေအနေက မဟန်ရင်တော့ အရေးအကြောင်းတွေပိုသိသာလာတာ၊ လူက ပိုအိုစာလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဆံပင်ဖြူတာလည်းပါသေးတယ်နော် 😰
ဥပမာ - စာမေးပွဲနီးလို့ ဝက်ခြံတွေထွက်လာပြီ ဆိုတာ စိတ်ဖိစီးမှုကြောင့် ပေါ့။
ဒါကြောင့် Healthy Skin ရဖို့ဆိုရင် Healthy Mind ဖြစ်ဖို့အတွက်ပါ ကြိုးစားပေးသင့်ပါတယ်။
စိတ်ဖိစီးမှုတွေ သက်သာလျော့ပါးစေဖို့ဆိုရင်တော့ တရားထိုင်တာ၊ Aromatherapy ရဲ့အာနိသင်ကို အသုံးချတာ၊ ကိုယ့်ရဲ့မတည်ငြိမ်တဲ့စိတ်အခြေအနေကို မြင်အောင်ကြည့်ပြီးတဖြေးဖြေးချင်းပြန်တည့်မတ်တာမျိုးလေးတွေ လုပ်ပေးနိုင်ပါတယ်။
0 comments
Leave a comment