Over cleansing လုပ်မိနေပြီလား?

By the mix | October 30, 2022 in Sister’s Advice | 0 comments

Sunday Talk with TMbS: Over cleansing လုပ်မိနေပြီလား။


မျက်နှာသစ်ပြီးတာနဲ့ အသားက နီရဲနေတယ်၊ စပ်နေတယ်၊ ကြမ်းနေတယ် ဆိုရင် over cleansing လုပ်မိနေတာဖြစ်နိုင်ပါတယ်။
👉 တနေ့ သုံးကြိမ်နဲ့အထက် မျက်နှာသစ်တာ၊ မျက်နှာတခါသစ်ရင် တစ်မိနစ်ထက်ပိုကြာတာ၊ ကုတ်ဖဲ့ပြီးသစ်တာ၊ high pH cleanser တွေကို သုံးတာကြောင့် over cleansing ဖြစ်သွားနိုင်ပါတယ်။
Over cleansing ဟာ တရက်နှစ်ရက် ပြဿနာမရှိပေမယ့် ရေရှည်မှာ အသားအရည်ကို အလွန်အမင်းထိခိုက်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆို cleansing step က အသားအရည်ကို အထိခိုက်စေဆုံး step ဖြစ်လို့ပါပဲ။
ဒါကြောင့် — တနေ့ နှစ်ကြိမ်၊ တကြိမ်ကို စက္ကန့်သုံးဆယ် တစ်မိနစ်လောက်ပဲ မျက်နှာသစ်ပါ။ မျက်နှာသစ်ဆေးနုနုလေးကို ရွေးသုံးပါ ( Chamomile Whipped Cleanser လေး recommend နော် 👀 ) ရေစေးဒေသကလူဆို မျက်နှာကို သောက်ရေနဲ့ပြန်ဆေးချပေးပါ။
ဒါဆို over cleansing ဖြစ်မှာမဟုတ်တော့သလို၊ cleansing ကြောင့် skin damage ဖြစ်ရတာမျိုးလည်း မဖြစ်တော့ဘူးပေါ့ … mixies တို့ရေ 💖
0 comments
Leave a comment