ဘာကြောင့်ဆံပင်တွေပြတ်ကျရသလဲ?

By the mix | October 27, 2022 in Sunday Talk | 0 comments

Sunday Talk with TMbS: ဘာကြောင့်ဆံပင်တွေပြတ်ကျရသလဲ?


✨ ဆံပင်ဆိုတာ ခြောက်သွေ့မြဲ သဘာဝနဲ့မို့ အဆီတမျိုးမျိုးကို အမြဲသုံးပေးရတာ mixies တို့သိပြီးဖြစ်မှာပါ။
တချို့တွေမှာဆိုရင် ဆံသားခြောက်သွေ့ပြီးနောက် ပပ်ကြားအက်ကာ၊ ကွဲထွက်လို့ ဆံပင်နှစ်ခွတွေ ဖြစ်ရတဲ့အပြင်၊ နောက်ပိုင်း လုံးဝဂရုမစိုက်တာနဲ့ ထိခိုက်မှုများတာနဲ့ပေါင်းသွားရင် ပြတ်ကျတဲ့ထိ ဖြစ်သွားနိုင်ပါတယ်။
ထိခိုက်မှုလို့ဆိုတဲ့နေရာမှာ —

✓ ကွာလတီမမှီတဲ့‌ဆေးတွေကြောင့် ဖြစ်တဲ့ Chemical Damage
✓ အပူချောင်းကြောင့်ဖြစ်တဲ့ Heat Damage
✓ UV rays တွေကြောင့်ဖြစ်တဲ့ UV damage

အစရှိသဖြင့်ပါဝင်ပါတယ်။ ဒါကြောင့် ဆံပင်တွေပြတ်ကျတာမျိုး၊ ဆက်ရှည်မလာတာမျိုး မဖြစ်စေချင်ရင် ပျော့ဆေး၊ ပေါင်းဆေးသုံးရင်း ဆံပင်ကို အဆီဓါတ်ဖြည့်တင်းပေးဖို့၊ Hair Oil သုံးပေးဖို့က တော်တော်ကို အရေးပါပါတယ်ရှင် 💕
0 comments
Leave a comment