လူတိုင်းနီးပါးမှားဖူးကြတဲ့ ဆံသားထိန်းသိမ်းနည်း အမှား (၅) ခု

By Aung Than Soe | June 18, 2022 in Hair Care | 0 comments

လူတိုင်းကအမှားနဲ့မကင်းကြပါဘူး၊ Skincare စလုပ်ခါစကလည်း မှားခဲ့တာတွေရှိကြသလို Haircare မှာဆိုရင်လည်း ခုပြောပြမယ့်အချက် (၅) ချက်ကို လူတိုင်းနီးပါးမှားဖူးကြပါတယ်တဲ့။ အဲ့ဒါတွေကတော့ —

( ၁ ) Shampoo ကြုံရာသုံးခြင်း


အနံ့မွှေးတယ်ဆိုရုံနဲ့ဝယ်သုံးလိုက်တာမျိုး၊ scalp type နဲ့ကိုက်ညီတာကိုမရှာပဲ ကြုံရာကျပန်း သုံးတာမျိုး၊ pH balanced shampoo ကို မရွေးချယ်တာမျိုးက ဦးရေပြားအတွက်မကောင်းတာကြောင့် ဆံသားကိုထိခိုက်စေနိုင်ပါတယ်။ 


( ၂ ) ရေစိုနေချိန် ဘီးစိပ်နဲ့ဖြီးခြင်း 


ရေစိုနေတဲ့ဆံသားမှာ အပေါ်ယံ cuticle layer က လန်နေတာကြောင့် အရမ်း weak ဖြစ်ပါတယ်၊ အဲ့အချိန် အားရပါးရ ဘီးဖြီးတာမျိုးက ဆံပင်ကို ကိုယ့်လက်နဲ့ကိုယ်ဖျက်စီးလိုက်တာပါပဲ။ 


( ၃ ) Conditioner, Treatment ပြန်မသုံးခြင်း 


Shampoo သုံးပြီးတိုင်း ဆံပင်ငြိတယ်ဆိုတာ ရှမ်ပူကြောင့်ဆံသားမှာ negative charges တွေများသွားလို့ပါ။ ဒါတွေကို neutralize လုပ်ဖို့ရော၊ ဆံသားခြောက်သွေ့မသွားဖို့အတွက်ပါ Conditioner, Treatment က မဖြစ်မနေပြန်သုံးပေးရပါတယ်။ 


( ၄ ) Heat Protectant မသုံးခြင်း 


အထူးသဖြင့် ကောက်စက်၊ ဖြောင့်စက် သုံးတော့မယ် ဆိုရင် heat protecting လုပ်ဖို့က လိုကိုလိုပါတယ်။ နို့မို့ဆို ဆံသားတွေခြောက်သွေ့ အက်ကွဲပြီး အဖျားနှစ်ခွတွေနဲ့ မကျန်းမမာဖြစ်လာပါလိမ့်မယ်။ 


(၅) ဆီမထည့်ခြင်း 


ဆီဆို ကပ်စေးစေးဖြစ်မှာစိုးလို့ အများစုက ကြောက်တတ်ကြပါတယ်၊ တကယ်တမ်းက ဈေးကွက်ထဲမှာ lightweight & fast absorbing ဖြစ်တဲ့ ဆီတွေလည်းရှိတာကြောင့် … ဆီကြိုက်တဲ့ဆံပင်လေးတွေကို ဆီထည့်ပေးဖို့လည်း မမေ့ရဘူးနော်။ 



ဒီအချက်တွေထဲမှာ Mixies တို့ မှားဖူးကြတဲ့ Mistakes တွေရှိလား၊ ရှိရင် comment မှာပြောသွားပေးပါဦးနော် 😍


_______


Be a part of our community! 


📌 Telegram Channel 

https://t.me/themixbysu


📌 Facebook Mixies Group 

https://www.facebook.com/groups/521386812108763/?ref=share


📌 Instagram 

https://instagram.com/themixbysu?utm_medium=copy_linkgf


📌 YouTube Channel

https://youtube.com/channel/UCePUiGyUxLYbLfwww6ZROpA


#themixbysu #themixbysulocalbrand #themixbysuMyanmar #themixbysuMyanmarskincare #madeinMyanmar #localbrand #Myanmarlocalbrand #sisteradvice #sisteradvicebythemixbysu #knowledgesharing #sisteradviceprogram #sisteradvicebyTMBS

0 comments
Leave a comment