Sugar Scrub လေးတွေ ပုရွက်ဆိတ်မတက်အောင်။

By the mix | October 25, 2022 in Sister’s Advice | 0 comments

Sister's Advice by TMbS

Scrub base တွေအများကြီးရှိတဲ့ထဲကမှ သကြားကကျတော့ အသားအရည်ကို ကြည်လင်ပြီး စိုအိစေတာ သိသာပါတယ်။ 

အဲ့လို အာနိသင်လေးကြိုက်လို့ Sugar Scrub လေးဝယ်သုံးခါမှ ပုရွက်ဆိတ်နဲ့ လုသုံးနေရရင်လည်း အဆင်မပြေဘူးလေနော် 🐜☹️

ဒါကြောင့် Sugar Scrub လေးတွေ ပုရွက်ဆိတ်မတက်အောင် ဒီလိုလေး လုပ်ကြည့်နော်။ 

✔️ အဖုံး/ အိတ် သေချာပြန်ပိတ်ပါ။ 

ပိတ်တဲ့အခါမှာ သကြားတွေ ညပ်မနေအောင် သေချာသန့်ရှင်းရေးလေးလုပ်ပြီးမှ ပိတ်နော်။ ပြီးရင် ရေလေးနဲ့ပြန်ဆေးချပေးပါ။ 

✔️ ပုရွက်ဆိတ်မလာအောင် တခုခုနဲ့တားပါ။ 

အလုံပိတ် Box ထဲထည့်ထားတာဖြစ်ဖြစ်၊ scrub ဘူးတွေ အထုပ်တွေနားမှာ ပုရွက်ဆိတ်ကြောက်တဲ့ ရှာလကာရည်၊ သစ်ကြမ်းပိုး၊ မြေဖြူမှုန့်၊ အစရှိသဖြင့် တခုခုသုံးလို့ရပါတယ်။ 

✔️ Scrub တွေနှိုက်တဲ့အခါ အောက်ကိုပြုတ်မကျခဲ့အောင် ဂရုစိုက်ပါ။ 

နို့မို့ဆို ပုရွတ်ဆိတ်ရေ လာလာလာ လို့ ခေါ်တာနဲ့တူတူပဲဖြစ်နေပါလိမ့်မယ်နော် 😛

 #themixbysu #themixbysulocalbrand #themixbysuMyanmar #themixbysuMyanmarskincare #madeinMyanmar #localbrand #Myanmarlocalbrand #sisteradvice #sisteradvicebythemixbysu #knowledgesharing #sisteradviceprogram #sisteradvicebyTMBS
0 comments
Leave a comment