👙 Chlorine ခတ်ထားတဲ့ ရေကူးကန်မှာပဲကူးကူး၊ ပင်လယ်ကမ်းခြေ မှာပဲ ကူးကူး … ရေကူးရင်း အသားတွေပိုမည်းလာပြီ ခံစားရရင်တော့ ဒီ အချက် (5) ချက်ကို mixies တို့ လိုက်နာဖို့လိုအပ်နေပါပြီနော်။
✔️ Waterproof Sunscreen လိမ်းရန်
Sunscreen ကိုမှ ရေစိုခံတဲ့အမျိုးအစား ကို ရွေးသုံးရမှာဖြစ်ပါတယ်။
✔️ ထူထူလိမ်းရန်
Sunscreen လိမ်းတဲ့အခါ ခန္ဓာကိုယ်တခုလုံးအတွက် လုံလောက်တဲ့ ကာကွယ်နိုင်စွမ်းပမာဏရဖို့ 35ml လောက်လိမ်းပေးရပါတယ်။
✔️ နှစ်နာရီခြားတခါ ထပ်လိမ်းရန်
ရေကူးတာ ကြာနေတယ် ဆိုရင် ပွတ်တိုက်မှုကြောင့် Sunscreen တွေလျော့မသွားစေဖို့ နှစ်နာရီခြားတခါလောက် ပြန်လိမ်းပေးရပါမယ်နော်။
✔️ တတ်နိုင်သလောက် အကာအကွယ်အောက်မှာနေဖို့
ဦးထုပ်ဆောင်းတာအပြင် အရိပ်အောက်မှာပဲ ပိုနေတာမျိုးလုပ်ပေးခြင်းအားဖြင့် အသားမည်းတာ သက်သာစေပါတယ်။
✔️ UV ပြင်းချိန်ရှောင်ဖို့
မနက် 11- နေ့လည် 2 ကြားက အပြင်းဆုံးအချိန်ပါပဲ။ ဒါကြောင့် မနက်စောစော ဒါမှမဟုတ် နေအေးမှ ရေဆော့တာ ပိုကောင်းပါတယ်ရှင်။
#themixbysu #themixbysulocalbrand #themixbysuMyanmar #themixbysuMyanmarskincare #madeinMyanmar #localbrand #Myanmarlocalbrand #sundaytalk #sundaytalkwiththemixbysu #knowledgesharing #sundaytalkprogram #sundaytalkwithTMBS
0 comments